ကြောင်ကလေး ပိစိ

ရေသားသူ=ယွန်ဟန်

မြောင်အမည် ပိစိ

မျိူးရင်း- မြန်မာကြောင်

လိင်-အမ

၂၀၁၉ခုနှစ်၊အိမ်တွင် အသက်ကြီးပြီးတကောင်တည်းကျန်ရှိသော ကြောင်မဖြူလုံးမှ မွေးဖွားခဲ့သည်။ မြောင်မကြီးဖြူလုံးသည် သားသမီးနှစ်ကောင် မွေးဖွားရာတွင် ပထမဆုံး မွေးသော အညိုရောင် အထီးလေးမှာ ဝဝတစ်တစ်လေးမို့ သခင်မှ ဝတုတ်ဟု အမည်ပေးခဲ့ပြီး ၁ပတ်ခန့်အကြာတွင် သေဆုံးခဲ့သည်။ ထိူ့အပြင် ပိစိသည် မိခင်နှင့် ကြာကြာမနေရ မိခင်ကြောင်မကြီး ဖြူလုံးသည် အသက်ကြီးမှမွေးသည့် အပြင်မွေးဖွားချိန်သည် မိုးရာသီဖြစ်လေသည် အသက်ကြီးရောဂါကြောင့်လား အအေးမိရောဂါကြောင့်လား သေချာမသိရ သခင်မှာ ဆေးခန်းအခါခါပြ၍ ကုသပေးသော်လည်း ၁လခန့်အကြာတွင် သေဆုံးခဲ့ရပါသည်။ သခင်နေထိူင်သောနေရာသည် နယ်မြို့ငယ်ဖြစ်သောကြောင့် ဆေးကုခန်းများလည်း ရေရေရာရာမရှိ ဆရာဝန်ကောင်းများနှင့် မတွေ့ခဲ့ခြင်းကြောင့်ဟုသာဖြေသိပ် ရပါမည်။ ငယ်ငယ်ကတည်းက မိခင်သေဆုံးခဲ့သော မြောင်မလေးသည် သခင်ဖြစ်သူ၏ တယုတယမွေးစားခံအဖြစ်သို့ အလိုလိုရောက်သွားခဲ့သည်။ အဖြူရောင် ကိုယ်လုံးနှင့် အမဲရောင် အစက်အကွက်များပါသော ကြောင်မလေးသည် ပိစိဟုအမည်ဖြစ်လာခဲ့ပြီး ၂၀၁၉မှတိုင် ယခု၂၀၂၃အထိ ကျန်းမာစွာနေထိုင်လျက်ရှိပြီး သခင်၏ချစ်ခင်ရဆုံး တဦးတည်သော ကြောင်ကလေးဖြစ်လာပါသည်။


ပိစိတုတ်၏ အလှပုံ

cat

ချစ်ခင်ရသော ကြောင်ကလေး